ငါ့ဘေးမှာ နင်မရှိလည်း
ငါ့အတွေးထဲမှာ နင်အမြဲရှိတယ်
ယောင်ရမ်းပြီး မင်းနာမည်ကိုခေါ်မိတယ်
နင် message များပို့မလား..?
Phone များဆက်မလားလို့
Phone လေးကိုပွတ်သပ်နေမိတယ်
နင်မရှိလို့ နင့်အသံလေးတွေကြားယောင်မိတယ်
စွဲလမ်းလွန်းလို့ နင့်ပုံရိပ်တွေမြင်ယောင်မိတယ်
ဘယ်သူမှနင့်လောက် ငါ့ကိုနားလည်မပေးဘူး
မင်းနဲ့ရှိနေတဲ့ အချိန်တွေမှာ
အရာအားလုံးဟာလှပနေတယ်
ငါ့အတွက်လည်း နွေးထွေးလုံခြုံမှုတွေရစေတယ်
တခါတလေမှာ
နင့်ကို မယုံသင်္ကာဖြစ်မိတယ်ဆိုတာ
နင့်ကို မယုံလို့မဟုတ်ပါဘူး
နင်ဟာငါ့အတွက် အရေးပါအရာရောက်လွန်းလို့
ဆုံးရှုံးသွားမှာ အကြာက်လွန်ပြီး
စိုးရိမ်ကြီးသွားလို့ပါ
ဆုံနိုင်ခွင့် မရှိမှန်းသိပါလျက်နဲ့
ဝေးရမှာ တွေးပြီးကြောက်တဲ့
ရေမဲ့ ငါးလို ငါ့အဖြစ်ကို မြင်ကြည့်လှည့်ပါ
ခဏတဖြုတ်အနေဝေးနေချိန်မှာ
နေလိုမီးမျိုး ရင်မှာပူလောင်လွန်းတယ်
နေသာလည်း မလန်း
လေလာလည်းနွမ်းလျက်ပင်
ဆွေးရိပ်ပို၍ တိုးတိတ်ကာလွမ်းရသည်...
No comments:
Post a Comment