ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Friday, May 31, 2013

ငါ့ဘဝရဲ့ခဏတာ

ချစ်သူ...
ငါ့ရဲ့ဘဝတာခဏလေးမှာ
နင့်အချစ်တွေကို
ငါ့အတွက်
တစ်ဘဝလုံးစာပိုင်ဆိုင်ခွင့်မပေးခဲ့ပေမဲ့
တစ်ခဏလောက်
ပိုင်ဆိုင်ခွင့်ပေးတဲ့
နင့်ကိုအမြဲကျေးဇူးတင်နေမှာပါ
တခါတလေမှာ
မနာကျင်ပေမဲ့
တိတ်တစိတ်မျက်ရည်ကျမိတယ်
ကံဆိုးလွန်းတဲ့ငါ့အဖြစ်ကိုပေါ့
နင်နဲ့ဝေးနေချိန်တိုင်းမှာ
အလွမ်းတွေသည်းထန်စွာနဲ့
ငါ့ရဲ့မနက်ခင်းလေးကို
အထီးကျန်စွာနိုးထခဲ့တယ်...
ရခဲ့ဖူးတဲ့ အနမ်းလေးတွေ...
ငါ့ရဲ့ပါးပြင်မှာလတ်ဆတ်နေတုန်း....
အဆုံးအစမဲ့...
အကြင်နာတွေထဲ
ပြန်လည်နစ်မျောရင်းနဲ့....
ငါ့ရဲ့တနေ့တာကိုကုန်ဆုံးရင်း
အလွမ်းညကိုရောက်လာပြန်တယ်....

No comments:

LinkWithin