ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Thursday, April 11, 2013

ပြေပျောက်စေမယ်ချစ်သူ


တစ်ဘ၀စာတွေးလို့ 

ခဏတာဝေးရမှာကို

ဝမ်းနည်းမနေပါနဲ့ ချစ်သူ

တနေ့ ပျော်ရွှင်မှုရဘို့ 

ခုချိန်လွမ်းဆွေးမှုကိုပေးဆပ်ရလို့ 

စိတ်မကောင်းမဖြစ်ပါနဲ့ ချစ်သူ

နောင်တချိန်ပြန်ဆုံခဲ့ရင်

မင်းရဲ့ဝမ်းနည်းမှုတွေနဲ့ 

လွမ်းဆွေးမှုတွေကို

ငါ့ရဲ့အချစ်တခုထဲနဲ့ 

တသက်လုံးပျော်ရွှင်ပြေပျောက်စေမယ်ချစ်သူ

( မှော်ကဗျာ )

No comments:

LinkWithin