ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Sunday, March 31, 2013

အရောက်လာခဲ့မယ်ချစ်သူ



ချစ်သူ...ဝေးကွာနေတဲ့မိုင်ပေါင်းများစွာက

ကြားထဲမှာကာဆီးထားပေမဲ့

နှလုံးသားခြင်းနီးစပ်နိုင်ဘို့ 

ငါ့ရဲ့စိတ်တွေကမင်းဆီကိုစေလွှတ်ထားခဲ့ပါတယ်

အေးမြတဲ့ရာသီဥတုကြားမှာ

နွေးထွေးအောင်ကြိုးစားရင်း

ငါ့ရဲ့ချစ်စိတ်တွေက

မင်းကိုအရမ်းသတိရနေမိတယ်လေ

ခုလိုဝေးကွာတဲ့ဆီကိုငါထွက်လာခဲ့ပေမဲ့

ငါ့ရဲ့အတွေးထဲမှာမင်းနဲ့ တချိန်ချိန်

ဒို့ နှစ်ယောက်လက်ချင်းဆက်

ရင်ချင်းအပ်လို့ ထာဝစဉ်

အတူတူပျော်ရွှင်နိုင်ဘို့ ဘဲလေ

ဒို့ နှစ်ယောက်ဘယ်လောက်ဝေးဝေး

ကိုယ်စီရင်ထဲမှာမေတ္တာစစ်နဲ့ 

ချစ်ခြင်းတရားတွေရှိနေမယ်ဆိုရင်

အလွမ်းတွေကိုရင်မှာပိုက်

ဝေးကွာမှုကိုဖယ်ကာရှားလို့ 

တချိန်ချိန်မှာမင်းရဲ့ရှေ့ မှောက်

ငါအရောက်လာခဲ့မယ်...ချစ်သူ

1 comment:

Unknown said...

ငါ့ရဲ့အတွေးထဲမှာမင်းနဲ့ တချိန်ချိန်

ဒို့ နှစ်ယောက်လက်ချင်းဆက်

ရင်ချင်းအပ်လို့ ထာဝစဉ်

အတူတူပျော်ရွှင်နိုင်ဘို့ ဘဲလေ

ဒို့ နှစ်ယောက်ဘယ်လောက်ဝေးဝေး

ကိုယ်စီရင်ထဲမှာမေတ္တာစစ်နဲ့ 

ချစ်ခြင်းတရားတွေရှိနေမယ်ဆိုရင်

အလွမ်းတွေကိုရင်မှာပိုက်

ဝေးကွာမှုကိုဖယ်ကာရှားလို့ 

တချိန်ချိန်မှာမင်းရဲ့ရှေ့ မှောက်

ငါအရောက်လာခဲ့မယ်...ချစ်သူ

LinkWithin