ချစ်သူ...ဝေးကွာနေတဲ့မိုင်ပေါင်းများစွာက
ကြားထဲမှာကာဆီးထားပေမဲ့
နှလုံးသားခြင်းနီးစပ်နိုင်ဘို့ 
ငါ့ရဲ့စိတ်တွေကမင်းဆီကိုစေလွှတ်ထားခဲ့ပါတယ်
အေးမြတဲ့ရာသီဥတုကြားမှာ
နွေးထွေးအောင်ကြိုးစားရင်း
ငါ့ရဲ့ချစ်စိတ်တွေက
မင်းကိုအရမ်းသတိရနေမိတယ်လေ
ခုလိုဝေးကွာတဲ့ဆီကိုငါထွက်လာခဲ့ပေမဲ့
ငါ့ရဲ့အတွေးထဲမှာမင်းနဲ့ တချိန်ချိန်
ဒို့ နှစ်ယောက်လက်ချင်းဆက်
ရင်ချင်းအပ်လို့ ထာဝစဉ်
အတူတူပျော်ရွှင်နိုင်ဘို့ ဘဲလေ
ဒို့ နှစ်ယောက်ဘယ်လောက်ဝေးဝေး
ကိုယ်စီရင်ထဲမှာမေတ္တာစစ်နဲ့ 
ချစ်ခြင်းတရားတွေရှိနေမယ်ဆိုရင်
အလွမ်းတွေကိုရင်မှာပိုက်
ဝေးကွာမှုကိုဖယ်ကာရှားလို့ 
တချိန်ချိန်မှာမင်းရဲ့ရှေ့ မှောက်
ငါအရောက်လာခဲ့မယ်...ချစ်သူ

1 comment:
ငါ့ရဲ့အတွေးထဲမှာမင်းနဲ့ တချိန်ချိန်
ဒို့ နှစ်ယောက်လက်ချင်းဆက်
ရင်ချင်းအပ်လို့ ထာဝစဉ်
အတူတူပျော်ရွှင်နိုင်ဘို့ ဘဲလေ
ဒို့ နှစ်ယောက်ဘယ်လောက်ဝေးဝေး
ကိုယ်စီရင်ထဲမှာမေတ္တာစစ်နဲ့ 
ချစ်ခြင်းတရားတွေရှိနေမယ်ဆိုရင်
အလွမ်းတွေကိုရင်မှာပိုက်
ဝေးကွာမှုကိုဖယ်ကာရှားလို့ 
တချိန်ချိန်မှာမင်းရဲ့ရှေ့ မှောက်
ငါအရောက်လာခဲ့မယ်...ချစ်သူ
Post a Comment