ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Friday, April 26, 2013

လရောင်အောက်က အလွမ်းသင့်သူ...

အတူနေ ဖို့အခွင်အရေးဆိုတာ
ဘဝပေးတဲ့ ကုသိုလ် ကံပါ..
ရင်ထဲ အသဲမှာမင်းပဲ
နေရာယူ စိုးမိုးနေတယ်..
ဒို့အချစ်တွေ မပြောပြတတ်တာ ကိုယ်ပဲသိတယ်
ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုပေါ့
မျှော်လင့်ချက်မရှိလည်း
ဆက်ချစ်နေ မယ်
မဖြစ်နိုင်မှန်း သိပါလျက်နဲ့
ချစ်နေတုန်းပဲ
ကျိုးကြောင်း ဆင်ခြင်
မသိနိုင်ခင်မှာ ရင်ထဲမှာ
စူးစူးနစ်နစ် ချစ်မိသွားပြီ
မင်းရဲ့ချစ်စကား တွေဟာ
လက်တည့်စမ်းတာမဟုတ်ပဲ
မင်းအပြုအမူတွေဟာ
မာယာတွေ မဖြစ်ပါစေနဲ့လို့ဆုတောင်းနေမိတယ်
ကံကြမ္မာကို မယုံရဲလို့ပါ
မင်းနဲ့ပတ်သက်ပြီး
အမှန်တကယ် ကျခဲ့တဲ့မျက်ရည်တွေ
ရင်ထဲက ခံစားချက်တွေ
မင်းမှမသိနိုင်ပဲ
လမင်းကြီးကိုကြည့်ရင်း
လွမ်းလို့ စက်တော်ခေါ်မပျော်နိုင်
လူမသိ ပူမိအလွမ်း ရင်မှာပိုက်ထွေးလွမ်းနေတယ်
ရင်ဝယ်တမ်းတ မေ့မရ
မင်းအနားမရှိရင် နေ့ ညတွေတာရှည်လွန်းတယ်
ငါ့မာနတွေ ခဝါချခဲ့ပါပြီ
မင်းတယောက်သာ ငါ့ဘဝမှာ
အသက်မက ချစ်မြတ်နိုး
အတွယ်တာရဆုံး သူတယောက်ပါ..
လမင်းကြီးကို မော့ကြည့်ရင်း ဆုတောင်းမိတယ်
ချစ်သူတိုင်းပေါင်း ကြရပါစေ..
နောင်သံတရာ ဘဝများမှာ..
ကိုယ်ကိုတိုင်လည်း ချစ်ရသူနဲ့ပေါင်းရပါစေ....

2 comments:

Dorit Mangal said...

ချစ်တဲ့သူတိုင်းပေါင်းရပါစေ
ကဗျာဆရာမလဲ ဒီဆုနဲ့ပြည့်စုံပါစေ

လမင်းငယ် said...

ကျေးဇူးပါ ပေးတဲ့ဆုနဲ့ပြည့်ပါစေ

LinkWithin