ငါ့ရဲ့ခပ်ပေါပေါကဗျာတွေကို
ဝတ်တရားကျေရုံလေးသဘောထားသွားပြီလား?
နင့်အတွက်ခံစားနေရတဲ့
ငါ့နှလုံးသားရဲ့ဖြစ်တည်မှုတွေကို
မင်းမှမသိတာ
ရှိပါစေတော့...
မရနိုင်မှန်းသိရက်နဲ့
ငါဇွတ်တိုးခဲ့တာပဲလေ
ဆုံဆည်းခြင်းရဲ့အဆုံးမှာ
လမ်းခွဲခြင်းဆိုတာရှိနေမှန်းလည်း
ငါသိထားပါတယ်
တကယ်ဆိုရင်အချစ်ပဲလိုတယ်ဆိုတဲ့
ချမ်းချမ်းသီချင်းထဲကလို
ငါ့ဘဝကလဲ
မင်းအချစ်တစ်ခုထဲပဲလိုခဲ့တာပါ...!
No comments:
Post a Comment