ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Tuesday, June 11, 2013

အကျည်းတန်အိပ်ပျက်ရက်ရှည်...

ငါရိုးရိုးလေးပဲမျှော်လင့်ခဲ့တာပါ
အဲဒီမျှော်လင့်ချက်လေးနဲ့ကြည်နူးစွာ
ရူးခဲ့ရတာလည်း...ကျေနပ်ပြီးသားပါ
ခိုနားစရာ မရှိတော့တဲ့
ရင်ခွင်တခုမှာရယူလိုခြင်းတွေ
ပိုင်ဆိုင်လိုခြင်းတွေ
ပျောက်ဆုံးလို့
လောကပင်လယ်ထဲမှာ
အဖော်မဲ့ပေါ့...
သတ်ပုံမှားတဲ့နေ့ရက်တွေထဲ
ဇဝေဇဝါနဲ့မသေခြာခြင်းတွေက
ငါ့ကိုခေါ်ဆောင်သွားလေရဲ့
ဝမ်းနည်း အားငယ်နေသလား လို့
အားပေးမဲ့သူက
အနားမှာမရှိလေတော့
ကျလိုက်တဲ့ မျက်ရည်စက်တွေက
ဟိုနားတစက် ဒီနားတစက်နဲ့
ဘယ်သူမြင် ဘယ်သူသိပါ့မလည်းနော်
နားရာတွေကိုစိတ်မှာဖြေလို့
ညအမှောင်မှာလရောင်ဖြာပေမယ့်
အထီးကျန်စွာအဖော်မဲ့လို့
အကျည်းတန်တဲ့စိတ္တဇညတွေအလယ်
အိပ်ပျက်ရက်ရှည်ကြာခဲ့ပြီလေ...။

No comments:

LinkWithin