ရင်ထဲ ခံစားရခက်တယ်
မွန်းကြပ်ပြည့် သိပ်နေတယ်
မင်းတွေးသလို မထင်လိုက်ပါနဲ့
ရင်ထဲကနေဖြစ် တည်လာတဲ့
အမှန်တရားတွေကို လှစ်လှပ်ပြဖို့အခွင့်မှမသာပဲ
ဒါအခက်ဆုံးပဲ...
နားလည်မှုများစွာနဲ့
ဒီလိုပဲနေရတော့မှာလား..?
စေလိုရာ စေလိုက်ပါတော့
မင်းအလိုကြတိုင်းဖြည့်ဆည်းပေးမှာပါ
ထားရာနေ စေရာသွားပါ့မယ်
ဗလောင်ဆူအောင်တော့မလုပ်လိုက်ပါနဲ့
မခံစားနိုင်လို့ပါ
မင်းလည်းကိုယ်နဲ့ထပ်တူဖြစ်မှာပါ
လာပါလို့လည်း ခေါ်ခွင့်မရှိသလို
ပြန်ပါလို့ မတားရက်နိုင်ခဲ့ဘူး
ရှေ့ဆက်မင်း နဲ့ငါ့ကြားမှာ
ကြေကွဲစရာ တွေနဲ့
မျိုသိပ်ခြင်းများစွာနဲ့ပဲ
လျှောက်လှမ်း နေရအုန်းမှာ
ဒီလိုခါးသီးခြင်း တွေကို
တိတ်လေးကြေကွဲရင်း ဖြေပါ့မယ်
တကိုယ် ရေစိတ္တဇညများကို
အဖော်ပြု ရင်း...
နေတတ်အောင်ကြိုးစားသွာမှာပါ...
ဒါတွေဟာ
တသက်မှာ တခါမှ မချစ်ဖူးတဲ့
အချစ်တွေပုံပြီး ချစ်တဲ့
အကြောင်းတွေမင်းမှမသိပဲ...
တနေ့နားလည်လာတဲ့
အချိန် ကိုယ်ခြင်းစာနားလည်ပေးပါ...
2 comments:
ဒီကဗျာလေးက ကျန်ုပ်၏ခံစားချက်နှင့် တိုက်ဆိုင်ပါသဖြင့် အလွန်နှစ်ခြိုက်မိပါသည်။
အိပ်မရတဲ့ညရဲ့ ဝေဒနာတွေ
မည်သူမျှမခံစားစေလိုပါ။
Post a Comment