တမြေစီခြားတဲ့ဒို့ နှစ်ယောက်
မင်းကြောင့်ဆုံတွေ့ ခွင့်ရခဲ့
လွမ်းဆွေးဒဏ်ကိုဖြေသိပ်စေသလို
ချစ်သူမျက်နှာကိုမြင်တွေ့ စေခဲ့ပြီး
ချစ်သူ့ အသံလေးကိုကြားစေခဲ့တာပါ
ရေမြေတွေခြားပေမဲ့ ချစ်သူအတွက်လက်ဆောင်
စက္ကန့် မခြားသူနားရောက်စေခဲ့
ဒါကြောင့်မင်းကိုကျေးဇူးတင်နေမိတယ်
အရမ်းကျေးဇူးတင်တယ်...အွန်လိုင်းရယ်..
( မှော်ကဗျာ )

No comments:
Post a Comment