ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Tuesday, April 16, 2013

မှေးစက်ပါတော့လားချစ်သူ


မင်းကိုထားခဲ့မှာလားလို့ 

ငါ့ကိုမမေးပါနဲ့ နော်

ဘယ်ကိုမှထွက်မသွားနိုင်တဲ့ သူကငါပါ

မင်းကိုမေ့မသွားပါနဲ့ လို့ 

မပြောပါနဲ့ ချစ်သူရယ်

ငါကလေမင်းကိုအမြဲတမ်း

သတိရနေခဲ့တဲ့သူပါ

မင်းကိုမမုန်းပါနဲ့ လို့ 

မပြောလိုက်ပါနဲ့ ချစ်သူရယ်

ရင်ထဲမှာအရမ်းချစ်နေမိခဲ့တာပါ

ချစ်သူရေ...မင်းရဲ့စိုးရိမ်စိတ်ကိုဘေးမှာထား

ငါ့နှလုံးသားမှာခိုဝင်လို့ 

ထာဝရမှေးစက်နေပါတော့လားဟာ..

( မှော်ကဗျာ )





No comments:

LinkWithin