ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Tuesday, April 23, 2013

ရင်ခွင်ပျောက်သူ

ငါ ဘယ်ဆီဘယ်ဝယ် မတိကျပဲ
လွင့်မျှောနေတဲ့ တိမ်တွေလိုပဲ
လွင့်တော့မလို့ မင်းပေးတဲ့အားတွေနဲ့
သတ္တိရှိလာတယ် နင်ဟာငါ့ရဲ့
လမ်းပြကြယ် ပဲ့ကိုင်ရှင်
ဖြစ်မှန်းမသိလိုက်ပဲ ဖြစ်လာတယ်
မင်းမရှိရင် မဖြစ်ဘူး
ဒီအသိစိတ်တွေနဲ့
မင်းနဲ့ ဝေးရမှာစိုးထိတ်လာတယ်
အားလုံးက မင်းနဲ့သက်ဆိုင်တယ်
အရာအားလုံးမင်းလက်ထဲမှာ
ပုံအပ် လိုက်ပြီ
မင်းအနားမှာ ပဲနေပြီးပျော်နေခြင်လိုက်တာ
မင်းရှိနေရင် အားလုံးပြီးပြည့်စုံနေသလို
မင်းအနားရှိနေချိန်မျက်ရည်ကျပြီးငိုမနေခြင်ဘူး
ဒါပေမဲ့...
ပြောမပြတတ်တဲ့ စကားလုံးနဲ့
ခံရခက်တဲ့ ခံစားချက်တွေ
ရင်ထဲမှာပြည့် သိပ်မွန်းကျပ်
နေတယ်ဆိုတာ မင်းသိပါရဲ့လား..?
တွေ့ဆုံခြင်း မှာပျော်ရွှင်သလို
ခွဲခွာခြင်းမှာ ဝမ်းနည်းရတယ်
ဆိုတာကို အစက ကြိုသိခဲ့ရင်
အကောင်းသားလား...!
ခုတော့ ငါကိုယ်တိုင်
ရွေးခြယ်ထားတဲ့..
လွမ်းဆွတ်ခြင်း ညတွေ
ဘယ်တော့များမှအဆုံးတတ်နိုင်မှာလည်း
အိမ်မရတဲ့ ညပေါင်းတွေလည်းများလှပါပြီ
ဘယ်ရင်ခွင် မှေးစက်နားရမှာလည်း..?
စိတ္တဇအတွေးတွေနဲ့ အခန်းကျဉ်းလေးထဲမှာ
တယောက်တည်း ရူးနေပြီ
ကိုယ့်ကို ညှာတာဆာနာ လှည့်ပါ..
ဘယ်ရင်ခွင် ခိုလုံပြီး
ဘယ်ရင်ခွင်မှာ မှေးစက်နားရမှာလည်း..?


2 comments:

Dorit Mangal said...

ဒါလေးကလဲ တစ်မျိုးလေးကောင်းတယ်။
ဒါပေမယ့် ပျော်စရာကဗျာတွေလဲဖတ်ချင်ပါသေးတယ်။
အမြဲတမ်း အသဲကွဲကဗျာတော့ မဖတ်ပါရစေနဲ့

လမင်းငယ် said...

ကြိုးစားသွားမှာပါ

LinkWithin