မင်းလိုအပ်ချိန်တိုင်း ခေါ်လှည့်ပါ
ငါမင်းအနားကို အရောက်လာပါ့မယ်
မင်းနဲ့အနီးဆုံးမှာ ရှိတဲ့ ငါ့ကိုသတိရပေးပါ
နင်လိုအပ်သမျှ ဘာမဆိုအကုန်ဖြည့်ဆည်းပေးခြင်လို့ပါ
မင်းပြောမယ့်စကားလေးတွေကိုလည်း
တမ်းတမိပါတယ်...
ဒါမေမယ့်....
ထိန်းချုပ်ခြင်းများစွာနဲ့အတူ
လွှတ်လပ်ခွင့်မရှိတဲ့
ဒို့နှစ်ယောက်ရဲ့အဖြစ်ကို
ကံကြမ္မာ ကိုပဲအပြစ်တင်
ကံကိုပဲ ပုံချရတော့မလား...?
မင်းအနားမှာ နေပြီး
မင်းနဲ့အတူရှိနေတဲ့ အချိန်တွေမှာ
ပြောမပြတတ်တဲ့ ရင်ထဲက
ကြည်နူး ပီတိ အပြည့်နဲ့အတူ
အိမ်မပြန်ခြင်တဲ့စိတ်တွေနဲ့
မင်းအနား မှာရှိနေတဲ့ အချိန်
အခိုက်တန့်ခဏလေး ကိုပဲ
စွဲလမ်းမက်မော နေမိတယ်
ကြာတဲ့အခါ ရိုး အီသွားမှာ
စိုးရွံ့မိသူပါ..
ရင်ထဲက ဖြစ်တည်လာတဲ့
အချစ်တွေကို သိုဝှက်ရင်း
အရူးမီးဝိုင်းနေတဲ့
ငါ့အဖြစ်တွေကို နားလည် နိုင်ပါရဲ့လား...?
No comments:
Post a Comment