ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Sunday, March 31, 2013

လွမ်းနေမယ်ချစ်သူ



ချမ်းအေးလွန်းတဲ့ဆောင်းရာသီမှာ

မြူမှုန်ဆီးနှင်းတွေတဖွဲဖွဲကျလို့ 

အချမ်းဒဏ်ကိုကာကွယ်ဘို့ 

အနွေးထည်ကိုအထပ်ထပ်ဝတ်ကာ

နွေးထွေးမှုကိုဖွေရှာရင်း

ချစ်သူကိုလွမ်းတဲ့စိတ်က

တစက္ကန့် လေးမှမေ့ဖျောက်မရခဲ့ပါ

ချမ်းအေးမှုကိုကာကွယ်ဘို့ အနွေးထည်ရှိခဲ့ပေမဲ့

လွမ်းဆွေးဒဏ်ကိုခံနိုင်ဘို့ 

ချစ်သူကအနားမှာမရှိခဲ့ပါဘူးလေ

အလွမ်းဒဏ်ရာကုသဘို့ ချစ်သူဆီကိုလာချင်ပေမဲ့

ဘ၀ရှေ့ရေးမျှော်ကာတွေးလို့ 

ဝေးဝေးကနေလွမ်းနေမယ်...ချစ်သူ...

No comments:

LinkWithin