.ကြယ်လေးတွေကြွေရင်
ဆုတောင်းပြည့်တယ်တဲ့..
ကလေးဘ၀လေးထဲကကြားဖူးနေတယ်.
မယုံခဲ့မိဘူး..ခုတော့..ချစ်သူ
ငါမယုံကြည်ခဲ့တာလေးတွေကိုလဲ
ချစ်သူ..မင်းကြောင့်ယုံတက်နေပြီကွယ်..
မင်းနဲ့ မဝေးချင်လို့ .........
မင်းနဲ့ နီးချင်လို့ ..........
ညညတွေ မအိပ်နိုင်ဘူး
ကြယ်လေးတွေကြွေတာကို
စောင့်ပြီဆုတောင်းခဲ့တာလည်း
အိပ်ရေးပျက်ညတွေများခဲ့ပါပြီ
ချစ်ရသူရယ်...
ဆုတောင်းပြည့်ပြည့်.မပြည့်ပြည့်
ကိုယ်အမြဲဆုတောင်းနေပါမယ်..
တနေ့ မှာကိုယ်ဆုတောင်းကို
ကြယ်လေးတွေကြားနိုင်မယ်ဆိုတာ
ကိုယ်ယုံကြည်နေပါတယ်..
ချစ်ရသူရယ်..................................
လင်းသစ်နောင်(အလွမ်းမြို့ သား) .
No comments:
Post a Comment