ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Thursday, April 18, 2013

လွဲနေတဲ့ဆုံမှတ်

ရထားသံလမ်း ဟာဘယ်တော့မှမဆုံဘူး
နီးနီးလေးနဲ့ပြိုင်နေ ကြတယ်
မင်းနဲ့ငါလည်း ဒီလိုပဲထင်ပါရဲ့
ဘယ်တော့မှဆုံခွင့်မရှိတဲ့
မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ
နီးနီးလေးနဲ့ ပြိုင်နေကြတယ်
ဆုံနိုင်ခွင့်မှမရှိပဲ
ဘာကိုဆုတောင်းပြီး
ဘာကိုမကြေနပ်ဘူးပြောရမှာလည်း
မျှော်နေခွင့်မှမရှိတာ
ဟိုအရင်က မသိတဲ့ အလွမ်း အဆွေး တွေကို
မင်းကြောင့်ခံစားတတ်ပြီး ခုကိုယ်တိုင်
လွမ်းတတ်နေပြီ
ဖြူစင်ရိုးသားခဲ့တဲ့ ငါ့စိတ်တွေဟာ
မင်းကိုချစ်တဲ့ စိတ်တခုတည်းနဲ့
ဘာကိုမှ မမြင်မိဘဲ ဇွတ်တိုးမိသွားပြီ
ငါ့ကိုအမိုက်မလို့စွတ်စွဲပြီး
အပြစ်ပုံချလိုက်ပါ ငါခံယူပါ့မယ်
ငါ့မာန သိက္ခာတွေ ခဝါချခဲ့ပြီပဲ
ဘာများထူးအုန်းမှာလည်း
ပြန်တွေးစဉ်းစားရင်
အခြေ အတွေဟာ လွန်သွားပြီ
မင်းအတွက် ထည့်တွေးမစဉ်းစားမိဘူး
နောင်တလည်း မရခြင်ဘူး
အရူးမီးဝိုင်းနေပြီ
တခါလောက်ပေါ့ ကိုယ့်မှာ
အခွင့်အရေး ရခဲ့မယ်ဆိုရင်
မင်းကိုပြောပြလိုက်ခြင်တယ်
" မင်းကိုပဲ ချစ်တယ် ငါ့ဘဝ ရဲ့အားလုံး
မင်းနဲ့ပဲ အဆုံးတတ်လိုက်ခြင်တယ်"
မိန်းကလေး အချစ်မို့ တသက်လုံးပဲ
သိမ်းထားလိုက်တော့မယ်..
ဆုံနိုင်ခွင့် မရှိတဲ့ဘဝမှာ
မျှော်နေခွင့်လည်းမရှိတော့
ဘာများထူးမှာလည်း....

No comments:

LinkWithin