ကိုယ်ကမင်းရဲ့ နေမဝင်အချစ်မဟုတ်ခဲ့ရင်တောင်
ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တခုမဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်လေးတော့ဖြစ်ပါရစေ
မင်းဘဝရဲ့ လမင်းကြီးမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့်ကြယ်တစ်ပွင့်တော့ဖြစ်ပါရစေ
မင်းဘေးမှာအချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက်တောက်ပတဲ့အလင်မဖြစ်ခြင်နေပါ
မင်းအတွက်ဖယောင်းတိုင်လေးတော့ဖြစ်ပါရစေ
No comments:
Post a Comment