ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Sunday, April 28, 2013

Love sick

ငါ့ဘေးမှာ နင်မရှိလည်း
ငါ့အတွေးထဲမှာ နင်အမြဲရှိတယ်
ယောင်ရမ်းပြီး မင်းနာမည်ကိုခေါ်မိတယ်
နင် message များပို့မလား..?
Phone များဆက်မလားလို့
Phone လေးကိုပွတ်သပ်နေမိတယ်
နင်မရှိလို့ နင့်အသံလေးတွေကြားယောင်မိတယ်
စွဲလမ်းလွန်းလို့ နင့်ပုံရိပ်တွေမြင်ယောင်မိတယ်
ဘယ်သူမှနင့်လောက် ငါ့ကိုနားလည်မပေးဘူး
မင်းနဲ့ရှိနေတဲ့ အချိန်တွေမှာ
အရာအားလုံးဟာလှပနေတယ်
ငါ့အတွက်လည်း နွေးထွေးလုံခြုံမှုတွေရစေတယ်
တခါတလေမှာ
နင့်ကို မယုံသင်္ကာဖြစ်မိတယ်ဆိုတာ
နင့်ကို မယုံလို့မဟုတ်ပါဘူး
နင်ဟာငါ့အတွက် အရေးပါအရာရောက်လွန်းလို့
ဆုံးရှုံးသွားမှာ အကြာက်လွန်ပြီး
စိုးရိမ်ကြီးသွားလို့ပါ
ဆုံနိုင်ခွင့် မရှိမှန်းသိပါလျက်နဲ့
ဝေးရမှာ တွေးပြီးကြောက်တဲ့
ရေမဲ့ ငါးလို ငါ့အဖြစ်ကို မြင်ကြည့်လှည့်ပါ
ခဏတဖြုတ်အနေဝေးနေချိန်မှာ
နေလိုမီးမျိုး ရင်မှာပူလောင်လွန်းတယ်
နေသာလည်း မလန်း
လေလာလည်းနွမ်းလျက်ပင်
ဆွေးရိပ်ပို၍ တိုးတိတ်ကာလွမ်းရသည်...


Friday, April 26, 2013

လရောင်အောက်က အလွမ်းသင့်သူ...

အတူနေ ဖို့အခွင်အရေးဆိုတာ
ဘဝပေးတဲ့ ကုသိုလ် ကံပါ..
ရင်ထဲ အသဲမှာမင်းပဲ
နေရာယူ စိုးမိုးနေတယ်..
ဒို့အချစ်တွေ မပြောပြတတ်တာ ကိုယ်ပဲသိတယ်
ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုပေါ့
မျှော်လင့်ချက်မရှိလည်း
ဆက်ချစ်နေ မယ်
မဖြစ်နိုင်မှန်း သိပါလျက်နဲ့
ချစ်နေတုန်းပဲ
ကျိုးကြောင်း ဆင်ခြင်
မသိနိုင်ခင်မှာ ရင်ထဲမှာ
စူးစူးနစ်နစ် ချစ်မိသွားပြီ
မင်းရဲ့ချစ်စကား တွေဟာ
လက်တည့်စမ်းတာမဟုတ်ပဲ
မင်းအပြုအမူတွေဟာ
မာယာတွေ မဖြစ်ပါစေနဲ့လို့ဆုတောင်းနေမိတယ်
ကံကြမ္မာကို မယုံရဲလို့ပါ
မင်းနဲ့ပတ်သက်ပြီး
အမှန်တကယ် ကျခဲ့တဲ့မျက်ရည်တွေ
ရင်ထဲက ခံစားချက်တွေ
မင်းမှမသိနိုင်ပဲ
လမင်းကြီးကိုကြည့်ရင်း
လွမ်းလို့ စက်တော်ခေါ်မပျော်နိုင်
လူမသိ ပူမိအလွမ်း ရင်မှာပိုက်ထွေးလွမ်းနေတယ်
ရင်ဝယ်တမ်းတ မေ့မရ
မင်းအနားမရှိရင် နေ့ ညတွေတာရှည်လွန်းတယ်
ငါ့မာနတွေ ခဝါချခဲ့ပါပြီ
မင်းတယောက်သာ ငါ့ဘဝမှာ
အသက်မက ချစ်မြတ်နိုး
အတွယ်တာရဆုံး သူတယောက်ပါ..
လမင်းကြီးကို မော့ကြည့်ရင်း ဆုတောင်းမိတယ်
ချစ်သူတိုင်းပေါင်း ကြရပါစေ..
နောင်သံတရာ ဘဝများမှာ..
ကိုယ်ကိုတိုင်လည်း ချစ်ရသူနဲ့ပေါင်းရပါစေ....

Wednesday, April 24, 2013

စိတ္တဇည အလွမ်း..

ရင်ထဲ ခံစားရခက်တယ်
မွန်းကြပ်ပြည့် သိပ်နေတယ်
မင်းတွေးသလို မထင်လိုက်ပါနဲ့
ရင်ထဲကနေဖြစ် တည်လာတဲ့
အမှန်တရားတွေကို လှစ်လှပ်ပြဖို့အခွင့်မှမသာပဲ
ဒါအခက်ဆုံးပဲ...
နားလည်မှုများစွာနဲ့
ဒီလိုပဲနေရတော့မှာလား..?
စေလိုရာ စေလိုက်ပါတော့
မင်းအလိုကြတိုင်းဖြည့်ဆည်းပေးမှာပါ
ထားရာနေ စေရာသွားပါ့မယ်
ဗလောင်ဆူအောင်တော့မလုပ်လိုက်ပါနဲ့
မခံစားနိုင်လို့ပါ
မင်းလည်းကိုယ်နဲ့ထပ်တူဖြစ်မှာပါ
လာပါလို့လည်း ခေါ်ခွင့်မရှိသလို
ပြန်ပါလို့ မတားရက်နိုင်ခဲ့ဘူး
ရှေ့ဆက်မင်း နဲ့ငါ့ကြားမှာ
ကြေကွဲစရာ တွေနဲ့
မျိုသိပ်ခြင်းများစွာနဲ့ပဲ
လျှောက်လှမ်း နေရအုန်းမှာ
ဒီလိုခါးသီးခြင်း တွေကို
တိတ်လေးကြေကွဲရင်း ဖြေပါ့မယ်
တကိုယ် ရေစိတ္တဇညများကို
အဖော်ပြု ရင်း...
နေတတ်အောင်ကြိုးစားသွာမှာပါ...
ဒါတွေဟာ
တသက်မှာ တခါမှ မချစ်ဖူးတဲ့
အချစ်တွေပုံပြီး ချစ်တဲ့
အကြောင်းတွေမင်းမှမသိပဲ...
တနေ့နားလည်လာတဲ့
အချိန် ကိုယ်ခြင်းစာနားလည်ပေးပါ...



Tuesday, April 23, 2013

ရင်ခွင်ပျောက်သူ

ငါ ဘယ်ဆီဘယ်ဝယ် မတိကျပဲ
လွင့်မျှောနေတဲ့ တိမ်တွေလိုပဲ
လွင့်တော့မလို့ မင်းပေးတဲ့အားတွေနဲ့
သတ္တိရှိလာတယ် နင်ဟာငါ့ရဲ့
လမ်းပြကြယ် ပဲ့ကိုင်ရှင်
ဖြစ်မှန်းမသိလိုက်ပဲ ဖြစ်လာတယ်
မင်းမရှိရင် မဖြစ်ဘူး
ဒီအသိစိတ်တွေနဲ့
မင်းနဲ့ ဝေးရမှာစိုးထိတ်လာတယ်
အားလုံးက မင်းနဲ့သက်ဆိုင်တယ်
အရာအားလုံးမင်းလက်ထဲမှာ
ပုံအပ် လိုက်ပြီ
မင်းအနားမှာ ပဲနေပြီးပျော်နေခြင်လိုက်တာ
မင်းရှိနေရင် အားလုံးပြီးပြည့်စုံနေသလို
မင်းအနားရှိနေချိန်မျက်ရည်ကျပြီးငိုမနေခြင်ဘူး
ဒါပေမဲ့...
ပြောမပြတတ်တဲ့ စကားလုံးနဲ့
ခံရခက်တဲ့ ခံစားချက်တွေ
ရင်ထဲမှာပြည့် သိပ်မွန်းကျပ်
နေတယ်ဆိုတာ မင်းသိပါရဲ့လား..?
တွေ့ဆုံခြင်း မှာပျော်ရွှင်သလို
ခွဲခွာခြင်းမှာ ဝမ်းနည်းရတယ်
ဆိုတာကို အစက ကြိုသိခဲ့ရင်
အကောင်းသားလား...!
ခုတော့ ငါကိုယ်တိုင်
ရွေးခြယ်ထားတဲ့..
လွမ်းဆွတ်ခြင်း ညတွေ
ဘယ်တော့များမှအဆုံးတတ်နိုင်မှာလည်း
အိမ်မရတဲ့ ညပေါင်းတွေလည်းများလှပါပြီ
ဘယ်ရင်ခွင် မှေးစက်နားရမှာလည်း..?
စိတ္တဇအတွေးတွေနဲ့ အခန်းကျဉ်းလေးထဲမှာ
တယောက်တည်း ရူးနေပြီ
ကိုယ့်ကို ညှာတာဆာနာ လှည့်ပါ..
ဘယ်ရင်ခွင် ခိုလုံပြီး
ဘယ်ရင်ခွင်မှာ မှေးစက်နားရမှာလည်း..?


Sunday, April 21, 2013

တွေးကြောက်နေလားချစ်သူရာ


ဘ၀ကြမ်းထဲ...မင်းယိုင်လဲမှာ

တွေးကြောက်နေလား...ချစ်သူရာ....

ဖ၀ါးတော်နု...သွေးမဥအောင်
ဆူးခင်းလမ်းမှာ...တွဲခိုပါဟာ

ပူပြင်းနေရောင်...အေးမြအောင်လဲ

ငါ့ရဲ့ရင်ခွင်...ထီးလိုဆင်၍

မိုးပေးပါ့မယ်...ချစ်သူရယ်...

ကုန်ခမ်းအားအင်...မောပန်းလာရင်

ရေကြည်တပေါက်...မရလောက်လဲ

ငါ့သွေးကိုဖေါက်...မင်းနားအရောက်

ငါဆက်သမယ်...ချစ်သူရယ်...

( မှော်ကဗျာ )

Thursday, April 18, 2013

လွဲနေတဲ့ဆုံမှတ်

ရထားသံလမ်း ဟာဘယ်တော့မှမဆုံဘူး
နီးနီးလေးနဲ့ပြိုင်နေ ကြတယ်
မင်းနဲ့ငါလည်း ဒီလိုပဲထင်ပါရဲ့
ဘယ်တော့မှဆုံခွင့်မရှိတဲ့
မျဉ်းပြိုင်နှစ်ကြောင်းလိုပဲ
နီးနီးလေးနဲ့ ပြိုင်နေကြတယ်
ဆုံနိုင်ခွင့်မှမရှိပဲ
ဘာကိုဆုတောင်းပြီး
ဘာကိုမကြေနပ်ဘူးပြောရမှာလည်း
မျှော်နေခွင့်မှမရှိတာ
ဟိုအရင်က မသိတဲ့ အလွမ်း အဆွေး တွေကို
မင်းကြောင့်ခံစားတတ်ပြီး ခုကိုယ်တိုင်
လွမ်းတတ်နေပြီ
ဖြူစင်ရိုးသားခဲ့တဲ့ ငါ့စိတ်တွေဟာ
မင်းကိုချစ်တဲ့ စိတ်တခုတည်းနဲ့
ဘာကိုမှ မမြင်မိဘဲ ဇွတ်တိုးမိသွားပြီ
ငါ့ကိုအမိုက်မလို့စွတ်စွဲပြီး
အပြစ်ပုံချလိုက်ပါ ငါခံယူပါ့မယ်
ငါ့မာန သိက္ခာတွေ ခဝါချခဲ့ပြီပဲ
ဘာများထူးအုန်းမှာလည်း
ပြန်တွေးစဉ်းစားရင်
အခြေ အတွေဟာ လွန်သွားပြီ
မင်းအတွက် ထည့်တွေးမစဉ်းစားမိဘူး
နောင်တလည်း မရခြင်ဘူး
အရူးမီးဝိုင်းနေပြီ
တခါလောက်ပေါ့ ကိုယ့်မှာ
အခွင့်အရေး ရခဲ့မယ်ဆိုရင်
မင်းကိုပြောပြလိုက်ခြင်တယ်
" မင်းကိုပဲ ချစ်တယ် ငါ့ဘဝ ရဲ့အားလုံး
မင်းနဲ့ပဲ အဆုံးတတ်လိုက်ခြင်တယ်"
မိန်းကလေး အချစ်မို့ တသက်လုံးပဲ
သိမ်းထားလိုက်တော့မယ်..
ဆုံနိုင်ခွင့် မရှိတဲ့ဘဝမှာ
မျှော်နေခွင့်လည်းမရှိတော့
ဘာများထူးမှာလည်း....

Wednesday, April 17, 2013

ကျေးဇူးတင်တယ်အွန်လိုင်းရယ်


တမြေစီခြားတဲ့ဒို့ နှစ်ယောက်

မင်းကြောင့်ဆုံတွေ့ ခွင့်ရခဲ့

လွမ်းဆွေးဒဏ်ကိုဖြေသိပ်စေသလို

ချစ်သူမျက်နှာကိုမြင်တွေ့ စေခဲ့ပြီး

ချစ်သူ့ အသံလေးကိုကြားစေခဲ့တာပါ

ရေမြေတွေခြားပေမဲ့ ချစ်သူအတွက်လက်ဆောင်

စက္ကန့် မခြားသူနားရောက်စေခဲ့

ဒါကြောင့်မင်းကိုကျေးဇူးတင်နေမိတယ်

အရမ်းကျေးဇူးတင်တယ်...အွန်လိုင်းရယ်..

( မှော်ကဗျာ )



Tuesday, April 16, 2013

မှေးစက်ပါတော့လားချစ်သူ


မင်းကိုထားခဲ့မှာလားလို့ 

ငါ့ကိုမမေးပါနဲ့ နော်

ဘယ်ကိုမှထွက်မသွားနိုင်တဲ့ သူကငါပါ

မင်းကိုမေ့မသွားပါနဲ့ လို့ 

မပြောပါနဲ့ ချစ်သူရယ်

ငါကလေမင်းကိုအမြဲတမ်း

သတိရနေခဲ့တဲ့သူပါ

မင်းကိုမမုန်းပါနဲ့ လို့ 

မပြောလိုက်ပါနဲ့ ချစ်သူရယ်

ရင်ထဲမှာအရမ်းချစ်နေမိခဲ့တာပါ

ချစ်သူရေ...မင်းရဲ့စိုးရိမ်စိတ်ကိုဘေးမှာထား

ငါ့နှလုံးသားမှာခိုဝင်လို့ 

ထာဝရမှေးစက်နေပါတော့လားဟာ..

( မှော်ကဗျာ )





Saturday, April 13, 2013

အဝေးရာက်ဌက်တစ်ကောင်ရဲ့သင်္ကြန်တမ်းချင်း

 
.အဝေးရာက် ဌက်တစ်ကောင်ရဲ့ သင်္ကြန်တမ်းချင်း
...............................................................

နှစ်ကူးသင်္ကြန်တခုကိုကျော်ဖြတ်တိုင်း

ငါ့..ရင်မှာမုန်းတိုင်းထန် ....

ငါ့ခံစားချက်တွေကို ကျော်ခွ မပျော်ရတဲ့ဘ၀က

ချစ်စရာမြန်မာနဲ့ ဝေးရာ

အေတြးကမ ၻာမွာတေယာက္ထဲ.......

အရောင်အသွေးစုံလိပ်ပြာလေးများ

ပျော်ရွှင်စွာပျံသန်နေသလို....

လှပစွာဝတ်စား အပျံစားစတိုင်းလေများနဲ့ 

အပြုံးပန်းလေးတွေမျက်နှာလေးတိုင်းမှာပွင့်

တွေးတိုင်းလွမ်းမိပါတယ်သင်္ကြန်ရယ်...

ပျိုပျိုအိုအို လူစုံပျော်တဲ့ချစ်စရာနှစ်ကူး

ငါ့..အတွေးထဲမှာပဲပျော်မြူးနေရ...

ထူးထွေလှပပွင့်ကြတဲ့

ရွှေဝါရောင်ပန်းပိတောက်လေးတွေကမွှေး..

ညီမလေးခေါင်းမှာပန်ဖို့ အကိုခူးပေး

မမအတွက်မောင်လေးကခူးပေး

မေမေအတွက်သားကခူးပေး....

ပန်းပိတောက်ကိုလက်မှာကိုင်

မြတ်ဘုရားထံကပ်လှူလို့ 

နှစ်ဦးအတူဒီဘ၀ထက်မက ပေါင်ရပါစေကြောင်း

ဆုတောင်းနေကြတဲ့ချစ်သူများကလဲမရှာ....

မုန့် လုံးရေပေါ် ဒီသင်္ကြန်မှာပေါ်လို့ 

ပျော်လိုရယ်စားကြတော့ အားရစရာပါ...

အဝေးမှာရောက် တို့ မြန်မာတွေ

ချစ်စရာသင်္ကြန်ကိုတွေး မှိုင်ငေးလိုရယ်....

အော်..ဒီနှစ်သစ်လည်း ငါ့ ကိုကျော်ခွသွားပြန်ပြီ......


လင်းသစ်နောင်(အလွမ်းမြို့ သား)
..


သိပ်ချစ်တယ်လို့ 

မင်းပြောခဲ့တဲ့စကား

ပီတိတွေဖုံးလို့ 

ငါပြုံးပျော်ဘူးပါတယ်

စိတ်ကူးယဉ်အိမ်မက်

ဘ၀အတွက်မို့ 

ဒို့ ၂ယောက်တိုင်ပင်

ဟိုးအရင်တုန်းကပေါ့

ခုချိန်တော့စည်းတွေခြား

သူစိမ်းတွေလားချစ်သူ

နာကျင်တဲ့နှလုံးသားကို

ဟန်ဆောင်ကာဖုံးလို့ 

ပြုံးပြုံးလေးနုတ်ဆက်လိုက်တယ်

မင်းနေကောင်းလားချစ်သူရယ်

( မှော်ကဗျာ )


Thursday, April 11, 2013

I feel so lonely

မိုးသားတိမ်တိုက်တွေကြည့်ရင်း
ငါ့အနားမှာ မရှိတဲ့ နင့်ကို
နင်မသိပဲ လွမ်းနေမိတယ်
အရင်အချိန်ဆို
မနက် မိုးလင်း ကနေ မိုးချုပ်တဲ့အထိ
အတူရှိနေတတ်ပြီး
ပြောမထွက်တဲ့ စကားတွေနဲ့
သီချင်း ထဲမှာကိုယ်စီအတွေး
စိတ်ကူး တွေ နဲ့စီးမျှောရင်း
မဖြစ်နိုင်မှန်း သိသိကြီးနဲ့
ရူးခဲ့ရသူပါ ဒီအချိန်မှာမင်းကိုလွမ်းနေသူပါ
မင်းရဲ့messages တွေအထပ်ထပ်အခါခါပြန်ဖတ်နေမိတယ်
ငါ့အနားမင်းမရှိချိန်တိုင်း တမ်းတမိတယ်
ဆုံနိုင်ခွင့်မရှိတာကို ရိုးမယ်ဖွဲ့မနေတော့ပါဘူး
မတားစီး မထိန်းချုပ်လိုက်နိုင်တဲ့ငါ့ စိတ်တွေကို
မုန်းမိတယ်
I feel so lonely..
Missing you so must

ပြေပျောက်စေမယ်ချစ်သူ


တစ်ဘ၀စာတွေးလို့ 

ခဏတာဝေးရမှာကို

ဝမ်းနည်းမနေပါနဲ့ ချစ်သူ

တနေ့ ပျော်ရွှင်မှုရဘို့ 

ခုချိန်လွမ်းဆွေးမှုကိုပေးဆပ်ရလို့ 

စိတ်မကောင်းမဖြစ်ပါနဲ့ ချစ်သူ

နောင်တချိန်ပြန်ဆုံခဲ့ရင်

မင်းရဲ့ဝမ်းနည်းမှုတွေနဲ့ 

လွမ်းဆွေးမှုတွေကို

ငါ့ရဲ့အချစ်တခုထဲနဲ့ 

တသက်လုံးပျော်ရွှင်ပြေပျောက်စေမယ်ချစ်သူ

( မှော်ကဗျာ )

Wednesday, April 10, 2013

အုံ့ပုန်းအချစ်

မင်းလိုအပ်ချိန်တိုင်း ခေါ်လှည့်ပါ
ငါမင်းအနားကို အရောက်လာပါ့မယ်
မင်းနဲ့အနီးဆုံးမှာ ရှိတဲ့ ငါ့ကိုသတိရပေးပါ
နင်လိုအပ်သမျှ ဘာမဆိုအကုန်ဖြည့်ဆည်းပေးခြင်လို့ပါ
မင်းပြောမယ့်စကားလေးတွေကိုလည်း
တမ်းတမိပါတယ်...
ဒါမေမယ့်....
ထိန်းချုပ်ခြင်းများစွာနဲ့အတူ
လွှတ်လပ်ခွင့်မရှိတဲ့
ဒို့နှစ်ယောက်ရဲ့အဖြစ်ကို
ကံကြမ္မာ ကိုပဲအပြစ်တင်
ကံကိုပဲ ပုံချရတော့မလား...?
မင်းအနားမှာ နေပြီး
မင်းနဲ့အတူရှိနေတဲ့ အချိန်တွေမှာ
ပြောမပြတတ်တဲ့ ရင်ထဲက
ကြည်နူး ပီတိ အပြည့်နဲ့အတူ
အိမ်မပြန်ခြင်တဲ့စိတ်တွေနဲ့
မင်းအနား မှာရှိနေတဲ့ အချိန်
အခိုက်တန့်ခဏလေး ကိုပဲ
စွဲလမ်းမက်မော နေမိတယ်
ကြာတဲ့အခါ ရိုး အီသွားမှာ
စိုးရွံ့မိသူပါ..
ရင်ထဲက ဖြစ်တည်လာတဲ့
အချစ်တွေကို သိုဝှက်ရင်း
အရူးမီးဝိုင်းနေတဲ့
ငါ့အဖြစ်တွေကို နားလည် နိုင်ပါရဲ့လား...?



တိတ်တိတ်လေးကြေကွဲ

ပြောမထွက်တဲ့ စကားတွေရယ်
မပြောဖြစ်ခဲ့တဲ့ စကားတွေရယ်
ရင်ထဲမှာသိမ်းဆည်း ထားပါ့မယ်
ဘယ်တော့မှပြောခွင့်ကြုံမှာလည်း
မဟုတ်သလို ပြောလည်းမပြတတ်တော့
နေပါစေတော့..တိတ်တိတ်ကလေးပဲ
ကြေကွဲရင်း...
အပြုံးနဲ့ဟန်လုပ်ပြီး
နေတတ်သွားခဲ့ပါပြီ
တိတ်တိတ်လေးကြေကွဲရင်းလည်း
ဟန်ဆောင်တတ်လာပြီ....

Wednesday, April 3, 2013

နှလုံးသားထဲကအချစ်အိမ်လေး

 Photo: သဲသောင်စပ် ရေးထားတဲ့အချစ်ဆိုတဲ့စာလေးက

ပျက်လွယ်မယ်.....

 လှိုင်းပုတ်ခက်ဒဏ်ခဲ့နိုင်မလာ....?

လေထဲမှာတည်ဆောက်ခဲ့တဲ့အချစ်အိမ်လေး

ပျက်လွယ်မယ်....

မုန်တိုင်းဒဏ်ခံနိုင်မလာ...?

ပျက်သွားနိုင်တယ်.......

အချစ်ဆိုတဲ့စာသားလေးပျက်သွားနိုင်တယ်..

နှလုံးသားမှာရေးထိုးထားတဲ့အချစ်

ဘယ်တော့မှမပျက်နိုင်ပါဘူး.....

လေထဲကအိမ်လေးပျက်လွယ်မယ်.....

နှလုံးသားထဲကအချစ်အိမ်လေး

ဘယ်တော့မှမပျက်နိုင်ပါဘူး....

သဲသောင်မှာရေးထိုးတဲ့ အချစ်ပျက်နိုင်လည်း...

လေထဲကအချစ်အိမ်လေး ပျက်သွားနိုင်လည်း..

ဘယ်တော့မှမပျက်နိုင် မပြိုနိုင်တဲ့အချစ်

ငါ့...နှလုံးသားထဲမှာ

မင်းအတွက်ဘ၀ တစ်သက်စာ

ရေးထိုးတည်ဆောက်ထားတယ်.....

မင်းခိုဝင်ခဲ့ပါတော့ချစ်သူရယ်.......

လင်းသစ်နောင်(အလွမ်းမြို့ သား)
.သဲသောင်စပ် ရေးထားတဲ့အချစ်ဆိုတဲ့စာလေးက

ပျက်လွယ်မယ်.....

လှိုင်းပုတ်ခက်ဒဏ်ခဲ့နိုင်မလာ....?

လေထဲမှာတည်ဆောက်ခဲ့တဲ့အချစ်အိမ်လေး

ပျက်လွယ်မယ်....

မုန်တိုင်းဒဏ်ခံနိုင်မလာ...?

ပျက်သွားနိုင်တယ်.......

အချစ်ဆိုတဲ့စာသားလေးပျက်သွားနိုင်တယ်..

နှလုံးသားမှာရေးထိုးထားတဲ့အချစ်

ဘယ်တော့မှမပျက်နိုင်ပါဘူး.....

လေထဲကအိမ်လေးပျက်လွယ်မယ်.....

နှလုံးသားထဲကအချစ်အိမ်လေး

ဘယ်တော့မှမပျက်နိုင်ပါဘူး....

သဲသောင်မှာရေးထိုးတဲ့ အချစ်ပျက်နိုင်လည်း...

လေထဲကအချစ်အိမ်လေး ပျက်သွားနိုင်လည်း..

ဘယ်တော့မှမပျက်နိုင် မပြိုနိုင်တဲ့အချစ်

ငါ့...နှလုံးသားထဲမှာ

မင်းအတွက်ဘ၀ တစ်သက်စာ

ရေးထိုးတည်ဆောက်ထားတယ်.....

မင်းခိုဝင်ခဲ့ပါတော့ချစ်သူရယ်.......






လင်းသစ်နောင်(အလွမ်းမြို့ သား)

Tuesday, April 2, 2013

ကြယ်လေးတွေကြွေတိုင်းဆုတောင်းနေမယ်

Photo: ကြယ်လေးတွေကြွေရင်

ဆုတောင်းပြည့်တယ်တဲ့..

ကလေးဘ၀လေးထဲကကြားဖူးနေတယ်.

မယုံခဲ့မိဘူး..ခုတော့..ချစ်သူ

ငါမယုံကြည်ခဲ့တာလေးတွေကိုလဲ

ချစ်သူ..မင်းကြောင့်ယုံတက်နေပြီကွယ်..

မင်းနဲ့ မဝေးချင်လို့ .........

မင်းနဲ့ နီးချင်လို့ ..........

ညညတွေ မအိပ်နိုင်ဘူး

ကြယ်လေးတွေကြွေတာကို

စောင့်ပြီဆုတောင်းခဲ့တာလည်း

အိပ်ရေးပျက်ညတွေများခဲ့ပါပြီ

ချစ်ရသူရယ်...

ဆုတောင်းပြည့်ပြည့်.မပြည့်ပြည့်

ကိုယ်အမြဲဆုတောင်းနေပါမယ်..

တနေ့ မှာကိုယ်ဆုတောင်းကို

ကြယ်လေးတွေကြားနိုင်မယ်ဆိုတာ

ကိုယ်ယုံကြည်နေပါတယ်..

ချစ်ရသူရယ်...................................

လင်းသစ်နောင်(အလွမ်းမြို့ သား)
.ကြယ်လေးတွေကြွေရင်

ဆုတောင်းပြည့်တယ်တဲ့..

ကလေးဘ၀လေးထဲကကြားဖူးနေတယ်.

မယုံခဲ့မိဘူး..ခုတော့..ချစ်သူ

ငါမယုံကြည်ခဲ့တာလေးတွေကိုလဲ

ချစ်သူ..မင်းကြောင့်ယုံတက်နေပြီကွယ်..

မင်းနဲ့ မဝေးချင်လို့ .........

မင်းနဲ့ နီးချင်လို့ ..........

ညညတွေ မအိပ်နိုင်ဘူး

ကြယ်လေးတွေကြွေတာကို

စောင့်ပြီဆုတောင်းခဲ့တာလည်း

အိပ်ရေးပျက်ညတွေများခဲ့ပါပြီ

ချစ်ရသူရယ်...

ဆုတောင်းပြည့်ပြည့်.မပြည့်ပြည့်

ကိုယ်အမြဲဆုတောင်းနေပါမယ်..

တနေ့ မှာကိုယ်ဆုတောင်းကို

ကြယ်လေးတွေကြားနိုင်မယ်ဆိုတာ

ကိုယ်ယုံကြည်နေပါတယ်..

ချစ်ရသူရယ်..................................


လင်းသစ်နောင်(အလွမ်းမြို့ သား) .

Monday, April 1, 2013

အချစ်ဗိုင်းရစ်


ဟိုးးးတချိန်မင်းနဲ့ စတွေ့ တုန်းကပေါ့..ငါ့နှလုံးသားမှာ

အချစ်ဆိုတဲ့ဗိုင်းရစ်လေးတကောင်

ကပ်ငြိတွယ်ခဲ့တာကိုငါသတိမထားမိခဲ့ဘူးလေ

အချစ်ဗိုင်းရစ်လေးငါ့နှလုံးသားမှာပွါးများနေရာယူလာတဲ့အချိန်မှာ

မင်းကို...ငါအရမ်းချစ်နေမိခဲ့ပြီလေ

ခုတော့ငါ့နှလုံးသားလေးလွမ်းဆွတ်ခြင်းဝေဒနာကိုခံစားနေရတဲ့အချိန်မှာ

အချစ်ဗိုင်းရစ်လေးတွေကငါ့နှလုံးသားတခုလုံးကို

သိမ်းပိုက်နေရာယူထားခဲ့ပြီလေ

ငါ့နှလုံးသားလေးမင်းအချစ်တွေကြောင့်ကျဆုံးလို့ 

ခုဆိုရင်ငါ့နှလုံးသားလေးမှာ

ဗိုင်းရစ်မြို့ တော်တည်ဆောက်နေကြပြီ..ချစ်သူရယ်

ဇရပ်ပျက်နှလုံးသား


မင်းပျော်သလိုနေပါ....ချစ်သူ

သွားချင်တဲ့နေရာကိုသွားပါ..ငါမတားရက်ပါဘူး

မင်းအတွက်ငါ့နှလုံးသားတံခါးလေးအမြဲတမ်းဖွင့်ထားပါတယ်

ငါ့နှလုံးသားဇရပ်ပျက်လေးကယိုင်နဲ့ နဲ့ လေးပါ

မပြည်စုံပေမဲ့..မင်းမောပန်းလာရင်

ခိုနားဘို့ တော့လုံလောက်ပါတယ်..ချစ်သူ

မင်းနှလုံးသားလေးဒဏ်ရာတွေနဲ့ မောပန်းလာတဲ့အချိန်မှာ

ငါ့နှလုံးသားဇရပ်ပျက်လေးမှာပြန်လည်ခိုနားဘို့ 

သတိရနေပေးရင်..ငါကျေနပ်ပါတယ်..ချစ်သူရယ်



ခွင့်လွှတ်ရင်းနဲ့ ချစ်နေမယ်


သိပ်ချစ်တယ်လို့ ...အခါခါပြောခဲ့တဲ့စကား

မင်းနားမှာရိုးသွားမှာလဲစိုးကြောက်တယ်

မင်းကိုချစ်ခဲ့တာလဲငါ့ရင်ထဲကပါ

ဂရုစိုက်နေမိတာလဲသိပ်ချစ်နေခဲ့လို့ ပါ

မင်းဆီကသိပ်ချစ်တယ်ဆိုတဲ့စကားကို

တိတ်တခိုးမျှော်လင့်နေမိသလို

မင်းပြန်ဂရုစိုက်လာမှာကိုလဲစောင့်မျှော်နေမိတဲ့သူပါ

ဒါပေမဲ့...ငါရလိုက်တာက

မသိချင်ယောင်ဆောင်မှုနဲ့ မင်းရဲ့တန်ဘိုးမထားတာကိုဘဲလေ

ဒါပေမဲ့..ငါလေစိတ်မဆိုးရက်ခဲ့ဘူးချစ်သူ

မင်းတယောက်သာယာပျော်ရွှင်နေမယ်ဆိုရင်..

မင်းကို...ခွင့်လွှတ်ရင်းနဲ့ ချစ်နေမဲ့သူပါဟာ....

LinkWithin