ကဗျာ ရင်ဖွင့်သံ လေးကိုနားဆင် ပေးပါနော်

Sunday, March 31, 2013

သူပြန်လာမဲ့နေ့ 

 
 ရင်လှိုင်းခက်သံ  ပန်းကြွေသံလာ
 ချစ်သူစကား ထင်ယောင်မှားမိ
 ရင်ထဲမှာရှိ   ငါ ..အသိတို့ .........
 သူမပုံရိပ် စွဲထင်စိတ်ဝယ် 
 စားလဲလည်းသူ .အိပ်လည်းသူ
 ရှုးအောင်လေများပြုစားလေ လာ?
 ချစ်သူရယ်....

 ခံစားစိတ်မှာ သူ..ရှိနေလည်း
 ရှောင်ခွာထွက်ပြေး  ငါ..ရင်ဝေးရာ
 သူသွားခဲ့တာကြာလေပြီ........

 ငါချစ်သူ......
 ငါကိုမချစ် သူကပြစ်လည်း.
 အပြစ်မမြင်ရက်ပါ ..ချစ်သူ.
 ချစ်သူ.သည်သာ သခင်ပါ..

 ရင်ခွင်သစ်မှာ မပျော်လို့ ..
 ပြန်လာလေ .မလာ..မျှော်စိတ်များနဲ့ 
 အရင်နေရာလေးမှာပဲ ငါ ရှိနေပါတယ်
 ချစ်သူရယ် .....

လင်းသစ်နောင်(အလွမ်းမြို့ သား)

လွမ်းနေမယ်ချစ်သူ



ချမ်းအေးလွန်းတဲ့ဆောင်းရာသီမှာ

မြူမှုန်ဆီးနှင်းတွေတဖွဲဖွဲကျလို့ 

အချမ်းဒဏ်ကိုကာကွယ်ဘို့ 

အနွေးထည်ကိုအထပ်ထပ်ဝတ်ကာ

နွေးထွေးမှုကိုဖွေရှာရင်း

ချစ်သူကိုလွမ်းတဲ့စိတ်က

တစက္ကန့် လေးမှမေ့ဖျောက်မရခဲ့ပါ

ချမ်းအေးမှုကိုကာကွယ်ဘို့ အနွေးထည်ရှိခဲ့ပေမဲ့

လွမ်းဆွေးဒဏ်ကိုခံနိုင်ဘို့ 

ချစ်သူကအနားမှာမရှိခဲ့ပါဘူးလေ

အလွမ်းဒဏ်ရာကုသဘို့ ချစ်သူဆီကိုလာချင်ပေမဲ့

ဘ၀ရှေ့ရေးမျှော်ကာတွေးလို့ 

ဝေးဝေးကနေလွမ်းနေမယ်...ချစ်သူ...

ထပ်တူချစ်နေမိလို့ ပါ


လွမ်းတယ်ချစ်သူရယ်....

မင်းနဲ့ စကားမပြောဖြစ်တဲ့အချိန်ခဏလေးမှာတောင်

မင်းကိုလွမ်းတဲ့စိတ်ကငါ့ရင်မှာပူလောင်လို့ 

နှလုံးသားတခုလုံးကြေမွသွားသလို

ခံစားရပါတယ်ချစ်သူရယ်

မင်းသာထားခဲ့မယ်ဆိုရင်ငါ(လုံးဝ)ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး

ဒါပေမဲ့ဒီလိုအတွေးမျိုးငါမတွေးခဲ့ဘူး

မတွေးရဲဘူးချစ်သူရယ်

ဘာလို့ လဲဆိုတော့ငါလေမင်းကို

ငါ့အသက်နဲ့ ထပ်တူချစ်နေမိလို့ ပါချစ်သူ....

အချစ်တု


မင်းပေးခဲ့တဲ့အချစ်တုနဲ့

ငါ့နှလုံးသားလေးခုန်ခဲ့ဘူးတယ်

မင်းပြောခဲ့တဲ့စကားတုနဲ့ 

ငါ့ရဲ့စိတ်လေးပျော်ရွှင်ခဲ့ဘူးတယ်

မင်းပေးခဲ့တဲ့အကြင်နာတုနဲ့ 

ငါ့ဘ၀လေးစိုပြေဘူးတယ်

ကြည်နူးနေတဲ့ငါ့ကို

ကြည့်နေတဲ့မင်းရဲ့အပြုံး

နောက်ဆုံးတော့မုန်းမယ်ဆိုတာ

ငါမသိခဲ့ရတာအမှန်ပါ

မင်းမုန်းချင်သလောက်မုန်း

ပြုံးပြုံးနဲ့ ဆက်ချစ်နေမှာကငါပါဟာ...

ကော်ပီအချစ်


ချစ်တယ်ဆိုတဲ့စကားကို

ကော်ပီများပွားထားသလားကွာ

ယုံကြည်မိတဲ့နှလုံးသားကို

သော့ခတ်ကာပိတ်လို့ 

တိတ်တိတ်ကလေးဘဲ

ကြေကွဲပါရစေလားကွာ

အရောက်လာခဲ့မယ်ချစ်သူ



ချစ်သူ...ဝေးကွာနေတဲ့မိုင်ပေါင်းများစွာက

ကြားထဲမှာကာဆီးထားပေမဲ့

နှလုံးသားခြင်းနီးစပ်နိုင်ဘို့ 

ငါ့ရဲ့စိတ်တွေကမင်းဆီကိုစေလွှတ်ထားခဲ့ပါတယ်

အေးမြတဲ့ရာသီဥတုကြားမှာ

နွေးထွေးအောင်ကြိုးစားရင်း

ငါ့ရဲ့ချစ်စိတ်တွေက

မင်းကိုအရမ်းသတိရနေမိတယ်လေ

ခုလိုဝေးကွာတဲ့ဆီကိုငါထွက်လာခဲ့ပေမဲ့

ငါ့ရဲ့အတွေးထဲမှာမင်းနဲ့ တချိန်ချိန်

ဒို့ နှစ်ယောက်လက်ချင်းဆက်

ရင်ချင်းအပ်လို့ ထာဝစဉ်

အတူတူပျော်ရွှင်နိုင်ဘို့ ဘဲလေ

ဒို့ နှစ်ယောက်ဘယ်လောက်ဝေးဝေး

ကိုယ်စီရင်ထဲမှာမေတ္တာစစ်နဲ့ 

ချစ်ခြင်းတရားတွေရှိနေမယ်ဆိုရင်

အလွမ်းတွေကိုရင်မှာပိုက်

ဝေးကွာမှုကိုဖယ်ကာရှားလို့ 

တချိန်ချိန်မှာမင်းရဲ့ရှေ့ မှောက်

ငါအရောက်လာခဲ့မယ်...ချစ်သူ

Saturday, March 30, 2013

ထင်ကျန်နေဆဲပါချစ်သူ



ရက်စက်တယ်လို့ ...မပြောခဲ့ပေမဲ့လဲ

ခံစားချက်က....သက်သေဘဲလေ

ထားခဲ့တယ်လို့ ....ပြောမထွက်ခဲ့ပေမဲ့

နေခဲ့ရတာက....ငါပါလေ

သိပ်ချစ်တယ်လို့ ....ပြောခဲ့တဲ့စကားကို

နှလုံးသားမှာ....စွဲမြဲနေကာမှ

မင်းကdeleteလုပ်သွားရက်တယ်နော်

ဒါပေမဲ့....အရာလေးတော့

ထင်ကျန်နေဆဲပါချစ်သူရယ်....




LinkWithin